ကျန်းမားရေးသတင်း

ဒစ်ဂျစ်တယ်ပစ္စည်းတွေကြောင့်မျက်စိမထိခိုက်ရလေအောင်


လူအများစုဟာ မနက်အိပ် ရာထဖို့ ဖုန်းနှိုးစက်ပိတ်ရာကစလို့ အလုပ်ခွင်မှာ ကွန်ပျူတာရှေ့ထိုင် အလုပ်လုပ်၊ ဆိုရှယ်မီဒီယာတွေ ကို မအိပ်မချင်းသုံးနေရင်း ခေတ် ပေါ်ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ အ ချိန်ကုန်ကြပါတယ်။ ခေတ်ကာလ အရ ဒစ်ဂျစ်တယ်ပစ္စည်းတွေဟာ လူတိုင်းအတွက် အရေးပါလာသ လို အဲဒါတွေနဲ့ပဲ အချိန်ကုန်နေရင်းမျက်စိကျန်းမာရေးထိခိုက်နိုင်တာ မို့ အန္တရာယ်ကင်းကင်းသုံးစွဲနိုင် မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
မျက်စိလေ့ကျင့်ခန်းလုပ်ပါ - တစ်နေရာတည်းကိုပဲ အချိန်အကြာကြီး စူးစိုက်ကြည့်တာဟာ မျက်စိအာရုံကြောတွေ ထိခိုက်နိုင်တာမို့ မိနစ် ၂၀ တစ်ခါ(ဒါမှမဟုတ်) နာရီဝက်တစ်ခါလောက် ဘယ်ညာ၊ အပေါ် အောက်ကြည့်လေ့ကျင့်ခန်းလုပ်ပေးတာမျိုး၊ မျက်စိဖွင့်လိုက်၊ ပိတ်လိုက်လုပ်ပေးတာမျိုး ပြုလုပ်သင့်ပါတယ်။
ခပ်ခွာခွာသုံးပါ - ဒစ်ဂျစ်တယ် ပစ္စည်းတွေကို မျက်စိနဲ့ အရမ်းကပ် ကြည့်တာမျိုးတွေလည်း ရှောင် သင့်ပါတယ်။ ရုံးသုံးကွန်ပျူတာဆိုရင်လည်း လက်ရှေ့ကိုဆန့်တန်း လိုက်ရင် လက်ထိပ်လေးနဲ့ထိတဲ့ အကွာအဝေးလောက်ကို ချိန်ပြီး အသုံးပြုသင့်ပါတယ်။
သဘာဝအလင်းရောင်ကို ကြည့် ပေးပါ - ကွန်ပျူတာတို့၊ ဖုန်းတို့ကို မျက်နှာနဲ့ မခွာတမ်းသုံးပြီးရင်တော့သဘာဝနေခြည်လေးကို ကြည့် ပေးဖို့ လိုပါတယ်။ ဒစ်ဂျစ်တယ် ပစ္စည်းတွေရဲ့ မျက်နှာပြင်အလင်း ရောင်ဟာ မျက်စိအမြင်အာရုံအ တွက် အရေးပါတာကြောင့် အ ရမ်းတောက်လွန်း၊ အရမ်းမှိန်လွန်း တာမျိုးမသုံးဘဲ အပြင်က အနေ အထားအလိုက် မျက်နှာပြင်အ လင်းရောင်ပြောင်းပြီး သုံးဖို့ လိုပါ တယ်။
အထူးမျက်မှန်သုံးစွဲပါ - ဒစ်ဂျစ် တယ်ပစ္စည်းတွေနဲ့ အချိန်အကြာ ကြီးအလုပ်လုပ်ရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးလိုအပ်ရင် မျက်စိထိခိုက်မှုကာကွယ်တဲ့ အ ထူးမျက်မှန်တွေ သုံးသင့်ပါတယ်။
အချိန်ဇယားဖြင့်သုံးစွဲပါ - အချိန် တိုင်း ဖုန်းပွတ်၊ ကွန်ပျူတာကြည့် မယ့်အစား တစ်နေ့ကို အချိန်ဘယ် လောက်ပဲသုံးမယ်ဆိုပြီး ကိုယ် တိုင်အချိန်ဇယားဆွဲသုံးပါ။ ဘယ် လိုမှ မသုံးဘဲ မနေနိုင်ဘူးဆိုရင် တောင်မှ မအိပ်ခင် တစ်နာရီ၊ နှစ် နာရီအလိုမှာ လုံးဝမသုံးဘဲ နေနိုင် အောင် ကြိုးစားကြည့်ပါ။

 

 ကျောက်ကပ်ကို သဘာဝနည်းနဲ့ သန့်ရှင်းမယ်

- နေ့စဉ် တစ်ခွက် ဒါမှမဟုတ် နှစ်ခွက်သောက်ပေးရမှာ ဖြစ်ပါတယ်။ 
- သင့်ခန္ဓာကိုယ်က အဆိပ်တွေကိုဖယ်ရှားပေးဖို့အတွက် ကျောက်ကပ်က အလုပ်လုပ်နေတာဖြစ်ပါတယ်။
ဒါကြောင့် ကျောက်ကပ်ဟာ သန့်ရှင်းအားကောင်းဖို့လိုပါတယ်။ အောက်ပါနည်းကတော့ တရုတ်နံနံနဲ့ ကျောက်ကပ်ကိုသန့်ရှင်းပေးမယ့် နည်းလမ်းဖြစ်ပါတယ်။ 

ပါဝင်ပစ္စည်း
- လတ်လတ်ဆတ်ဆတ် တရုတ်နံနံအချို့
- ရေ ၈ ခွက်
- ပျားရည်စားပွဲတင်ဇွန်း နှစ်ဇွန်း
- လီမွန်သီးတစ်ခြမ်းကို ညှစ်ထားတဲ့အရည်

----------------------------------------------------------------------------

အယ်လ်နီညိုနှင့်ကျန်းမာရေးပြဿနာများ

ယခုနှစ်သည် သမိုင်းတွင် အားအကောင်းဆုံး အယ်လ်နီညိုရာသီဥတုဒဏ်ခံစားရမည့်နှစ်ဖြစ်၍ အပူဒဏ်လွန်ကဲသည့်ဒဏ်ကြောင့် အသက်အန္တရာယ်ဖြစ်သည်အထိ ကြုံရနိုင်သည်။ အထူးသဖြင့် နေပူထဲတွင် အလုပ်လုပ်ရသည့် အလုပ်သမားများ၊ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါအခံရှိသူများနှင့် အသက်အရွယ်ကြီးရင့်သူများ သတိထားသင့်ကြောင်း ဆေးပညာရှင်များက ပြောသည်။
ထို့အပြင် အပူချိန်လွန်ကဲမှုဒဏ်ကြောင့် အပူလျှပ်ခြင်း အရေပြားရောဂါ၊ မျက်စိကျန်းမာရေး ပြဿနာများ ကြုံတွေ့ရနိုင်ကာ အဆိုပါရောဂါများအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ကာကွယ်ကုသနှိမ်နင်းခြင်း အစီအမံများပြုလုပ်ရန် လိုအပ်လျက်ရှိသည်။
‘‘အပူကြောင့် လမ်းခင်းလုပ်သားတွေမှာ မျက်စိကျိန်းတာတွေ စလာပြီ။ ဒီရက်ပိုင်း ဆေးခန်းကို ရောက်လာတယ်။ အပူချိန်လွန်ကဲမှုဒဏ်ကြောင့် ကျန်းမာရေးပြဿနာဖြစ်တာက ချက်ချင်းဖြစ်တာမဟုတ်ဘူး။ နေပူထဲထွက်တာများရင် နှစ်ရက်၊ သုံးရက်လောက်အပူစုပြီးမှ အပူဒဏ်ဖိစီးခံရတာတွေ ဖြစ်လာတာ’’ ဟု မန္တလေးမြို့မှ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာဇာနည်ဇင်က ပြောသည်။
ထို့ကြောင့် နေပူထဲ၌ အလုပ်ကြမ်းလုပ်ရသည့် လမ်းခင်းလုပ်သားများ၊ ပန်းရန်များ၊ မီးဖိုများအနီးတွင် အလုပ်လုပ်သည့် အဖျော်ဆရာ၊ အကြော်ဆရာများသည် တောက်လျှောက်အလုပ်မလုပ်ဘဲ အနားယူသည့်အချိန်ထားရှိရန် လိုအပ်ကာ နားသည့်အခါတွင်လည်း လေဝင်လေထွက်ကောင်းပြီး အရိပ်ရသည့်နေရာများ၌ နားသင့်ကြောင်း ၎င်းကဆိုသည်။
ချွေးထွက်ခြင်းသည် ခန္ဓာကိုယ်၏အပူချိန်များကို ကျဆင်းစေပြီး အအေးဓာတ်ကိုရစေသည်။ သို့သော် အပူချိန်လွန်ကဲခြင်းကြောင့် ချွေးထွက်လွန်လာပါက ရေဓာတ်ခန်းခြောက်၍ မောပန်းခြင်း၊ နုံးခြင်း၊ အားနည်းခြင်း၊ မူးမော်ခြင်းများဖြစ်တတ်သည်။
‘‘လူနာက ချွေးထွက်လွန်မယ်၊ ရေငတ်လာမယ်၊ နှလုံးခုန်နှုန်းတွေ မြန်လာမယ်၊ ခေါင်းကိုက်လာမယ်၊ သွေးပေါင်ချိန်ကျလာမယ်၊ ကြွက်တက်လာမယ်၊ ဆီးသွားနည်းပြီး ဆီးအရောင်က အနီရင့်ရောင်ကို ပြောင်းလာပြီဆိုရင် အန္တရာယ်လက္ခဏာတွေဖြစ်လို့ သတိထားဖို့ လိုတယ်။ ရေဓာတ်ခန်းခြောက်ခြင်း(Dehydration) ကနေ အပူကြောင့် အားအင်ကုန်၊ ခြေကုန်လက်ပန်းကျခြင်း (Heat Exhau-stion) ရလာပြီး နေပူထဲမှာ အလုပ်ကြမ်းလုပ်ရသူတွေမှာ အတွေ့ရများတယ်’’ ဟု ဒေါက်တာဇာနည်ဇင်က ရှင်းပြသည်။
အဆိုပါလက္ခဏာများဖြစ်ပေါ်လာပါက လူနာကို အေးသောနေရာတွင်ထား၍ အားဖြည့်အချို ရည်တစ်မျိုးမျိုး တိုက်သင့်သည်။ ဓာတ်ဆားရည်သောက်ခြင်း၊ အရည်ရွှမ်းသောအသီးစားခြင်းများ ပြုလုပ်သင့်သည်။ ဓာတ်ဆားရည်မရနိုင်ပါက သကြား ရှစ်ဇွန်း၊ ဆားတစ်ဇွန်းကို ရေတစ်ခွက်စာဖျော်၍ သောက်သုံးနိုင်သည်။ အကယ်၍ အပူချိန်အလွန်တက်လာပါက လူနာကိုရေဖတ်တိုက်ပေးနိုင်သည်ဟု ၎င်းက ဆိုသည်။
အပူကြောင့် အားအင်ကုန်ခြေကုန်လက်ပန်းကျခြင်း၊ (Heat Exhaustion) ကို သေချာမကုသပါက အပူလျှပ်ခြင်း (Heat Stroke) ဖြစ်၍ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။ ‘‘Heat Stroke အဆင့်မှာ ခန္ဓာကိုယ်အပူချိန်က ၁၀၆ ဒီဂရီဖာရင်ဟိုက်လောက်ဖြစ်သွားပြီ။ ချွေးလုံးဝခြောက်သွားတယ်။ အရေပြားတစ်ခုလုံး ပူချစ်နေတာပဲ။ ပူချစ်ပါများတဲ့အခါ ဦးနှောက်ထဲမှာရှိတဲ့ ကိုယ်တွင်းအပူချိန်ထိန်းညှိပေးတာ ပျက်သွားတယ်။ ပျက်ရင် သေတာပဲ’’ ဟု ကျန်းမာရေးဝန်ကြီးဌာန လုပ်ငန်းခွင်ကျန်းမာရေးဌာန ဒုတိယညွှန်ကြားရေးမှူး (အငြိမ်းစား) ဒေါက်တာသန်းထွဋ် (လင်းဆေး-၁) က ပြောသည်။
‘‘Heat Stroke ဖြစ်သွားတဲ့ လူနာကို နေပူထဲကနေ အရိပ်ရှိတဲ့အေးတဲ့နေရာကို ချက်ချင်းပို့ပါ။ လေဝင်လေထွက်ကောင်းစေတဲ့ အဝတ်အစားလဲပေးပါ။ အဲကွန်း၊ အဲကူလာ၊ ပန်ကာစတာတွေနဲ့ လေအေးပေးပါ။ အရေးကြီးတာက ခန္ဓာကိုယ်တစ်ခုလုံးကို ရေဖတ် တိုက်ပေးရမယ်။ ရိုးရိုးရေ၊ ရေဘုံပိုင်က ရေနဲ့တိုက်ပေးပါ။ ဒီထက်ဆိုးရင် ရေခဲစိမ်ထားတဲ့ အဝတ်တွေနဲ့ ခန္ဓာကိုယ်ကို ပတ်ရတယ်။ ဒီလိုလုပ်ပေးလို့မှ မိနစ် ၃၀ အတွင်းလူနာက တုံ့ပြန်မှုမရှိရင် ချက်ချင်းဆေးရုံပို့ဖို့ လိုတယ်’’ ဟု ဒေါက်တာဇာနည်ဇင်က ပြောသည်။
ပူပြင်းသည့်အချိန် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေပူထဲထွက်မည်ဆိုပါက နေလောင်ဒဏ်ခံနိုင်ရန် ဦးထုပ်၊ ထီးဆောင်းခြင်း၊ နေလောင်ခံလိမ်းဆေးများလိမ်းခြင်း၊ မျက်မှန်တပ်ခြင်းများပြုလုပ်ရန်လိုသည်။ မျက်စိကျန်းမာရေးကို မထိခိုက်ရန် ခရမ်းလွန်ရောင်  ခြည်ကို ကာကွယ်သည့် ပိုလာရွိုက်စ်ပါသည့် မျက်မှန်ကို အသုံးပြုသင့်သည်။ အပူဒဏ်ကြောင့် မျက်စိနီရဲခြင်း၊ ကျိန်းခြင်း၊ စပ်ခြင်းများဖြစ်လျှင် ဆရာဝန်နှင့်မတိုင်ပင်ဘဲ Dexa ပါသည့် မျက်စဉ်းဆေးများ မခတ်သင့်ကြောင်း သိရသည်။
‘‘နေပူထဲသွားတာများလို့ မျက်စိကျိန်းတာ၊ စပ်တာတွေဖြစ်လာရင် အရောင်ကျဆေး (Dexa) တွေ မခတ်နဲ့။ ဘဲနှုတ်သီးလို့ခေါ်တဲ့ လိုင်းဆေးတစ်ဘူး ၁၀၀ ကျပ်၊၂၀၀ ကျပ်တန်တွေ မခတ်ပါနဲ့။ နေပူထဲက ပြန်လာလာချင်း ခြေထောက်ရေဆေးတာ၊ မျက်နှာသစ်တာတွေ မလုပ်သင့်ဘူး။ အဲဒီအပူအအေးပြောင်းလဲမှုကြောင့် မျက်လုံးက သွေးကြောလေးတွေ ထိခိုက်နိုင်တယ်။ နောက်နေရောင်ထဲမှာ ဖေ့စ်ဘွတ်ခ်သုံးတာတွေ မလုပ်ပါနဲ့။ မျက်လုံးအတွက် အန္တရာယ်များတယ်။ မျက်လုံးကျန်းမာရေးအတွက် လတ်ဆတ်တဲ့အသီး၊ အဝါရောင်ပါတဲ့ အသီးအနှံတွေ စားပေးဖို့လိုတယ်’’ ဟု ဒေါက်တာ ဇာနည်ဇင်က ပြောသည်။
ပူပြင်းသည့်ရာသီတွင် အရေပြားရောဂါများလည်း အဖြစ်များတတ်ပြီး သတိထားရန် လိုအပ်သည်။ အရေပြားတွင် မိတ်ပေါက်ခြင်း၊ အပူနာပေါက်ခြင်းများဖြစ်ပေါ်တတ်သည်။ အပူဒဏ်ကြောင့် နေလောင်နာများလည်း ကြုံရနိုင်ကြောင်း သိရသည်။
 ‘‘ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း(၈) ကျော်လာရင် သတိထားဖို့ လိုအပ်လာပြီ။ တစ်ယောက်နဲ့တစ်ယောက် အပူဒဏ်ခံနိုင်ရည် အားတော့မတူနိုင်ဘူး။ အသားညိုသူထက် ဖြူတဲ့သူတွေမှာ ပိုခံရတယ်။ နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးမှုက ထွက်တဲ့ အချိန်ပေါ်မူတည်တယ်။ ခရမ်းလွန်ရောင်ခြည် B များတဲ့နေ့လယ်ခင်းထွက်ရင် အရေပြားထိခိုက်ပျက်စီးမှုပိုများတယ်’’ ဟု အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာ ကျော်ကျော်က ပြောသည်။
နေလောင်နာလက္ခဏာများအဖြစ် အရေပြားရဲခြင်း၊ ယားခြင်း၊ အရည်ကြည်ဖုပေါက်ခြင်းများ ဖြစ်ပေါ်နိုင်သည်။ နေရောင်ထိသည့် မျက်နှာ၊ လည်ပင်း၊ လက်ဖမိုး၊ လက်ဖျံ စသည့်နေရာများတွင် ပူစပ်ခြင်း၊ ညိုမည်းခြင်းများလည်း ဖြစ်လာနိုင်သည်ဟုဆိုသည်။
ရာသီဥတုပူပြင်းချိန်တွင် အရေပြားလေးဖက်နာရောဂါရှိသူ၊ ဝက်ခြံ၊ နှင်းခူရှိသူများ နေရောင် နှင့် ထိတွေ့မှုနည်းရန် လိုအပ်သည်။
‘‘အရေပြားကျန်းမာရေးကို ပျက်စီးစေတာက အဓိက နေရောင်ခြည်ပဲ။ ခရမ်းလွန်ရောင်ခြည်ထိတာများရင်၊ နေပူထဲ အကာအကွယ်မဲ့သွားရင် အရွယ်မတိုင်ခင် စောစောစီးစီး အိုစာတယ်။ နေထိတဲ့နေရာမှာ အသားအရေမညီမညာဖြစ်ပြီး ကြာရှည်ကျရင် အရေ ပြားကင်ဆာအထိ ဖြစ်တတ်တယ်။ ကင်ဆာက ချက်ချင်းဖြစ်တာ မဟုတ်ဘူး။ ရေရှည်ကျမှ ဆိုးကျိုးဖြစ်တာ’’ ဟု ဒေါက်တာကျော်ကျော်က ရှင်းပြသည်။
မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဖေဖော်ဝါရီ ၁၈ ရက်ကစ၍ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများ မြင့်တက်လာကြောင်း၊ မြန်မာနိုင်ငံတောင်ပိုင်းတွင် လွန်ကဲသည့်အဆင့်ကို ရောက်ရှိနေကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြထားသည်။ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ရန် နေပူထဲသို့သွားသည့်အခါ SPF30  အထက် နေလောင်ခံလိမ်းဆေးလိမ်းရန်၊ နေအပူဒဏ်ကို ခံနိုင်ရည်ရှိသည့် အင်္ကျီလက်ရှည်၊ ချည်ထည်ပွပွ အရောင်ဖျော့ဖျော့များ ဝတ်ဆင်ရန် လိုအပ်သည်။
ကျန်းမာရေးဝန်ကြီးဌာနကလည်း ဖေဖော်ဝါရီ ဒုတိယပတ်တွင်းကစ၍ အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှိုးဆော်ချက်များ ထုတ်ပြန်ကာ ပြည်သူများအား သတိပေးခြင်းများ ပြုလုပ်လာသည်။ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနားရေဆိပ် စသည်တို့တွင် ရေချိုးခြင်းမှ ရှောင်ကြဉ်၍ အရိပ်ရသော အေးမြသည့် နေရာများတွင် နေရန်၊ နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်းမှ ရှောင်ကြဉ်ရန်၊ နေပူထဲတွင် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားခြင်းများ မပြုလုပ်ရန်နှင့် အရက်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအနေဖြင့် နေ့လယ်နေ့ခင်းတွင် အရိပ်ရ၍ လေဝင်လေထွက်ကောင်းသော နေရာမျိုး၌ နားနေခြင်းအပါအဝင် အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုး ဆော်ချက် ၁၂ ချက် ထုတ်ပြန်ထားသည်။

  ---------------------------------------------------------------------------- 

 

 

No comments:

Post a Comment